သတင်းများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Oct 22,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
မြိတ်မြို့တွင် ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များ ပြသ
Oct 22,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ (၂၂)ရက် နံနက်ပိုင်းက အထက(၆)နှင့် အထက(၉) ကျောင်းခန်းမတို့တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များ ပြသပေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Oct 22,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယမန်နေနံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ ပွင်လှလေး - ပွင့်လှကြီးလမ်းပေါ်ရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှူအား ကြည့်ရှု့စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာ အစိုးရဝန်ထမ်း‌ပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်း
Oct 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်းခြင်း ကို အောက်တိုဘာ   ၂၂ ရက် နံနက် ၁၀ နာရီက ယန်းခိုင်ကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်မြေ၌ ဆောင်ရွက်သည်။
မိုးနဲမြို့နယ်၌ (၁၄)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲလှည့်လည်
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၄)ကြိမ်မြောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များစုပေါင်းဘုံမဟာကထိန်စီတန်းလှည့်လည်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဟော်ဝင်းစုရပ် နေရာမှ စတင်၍ စည်ကားသိုက်မြိုက်စွာလှည့် လည်ခဲ့ကြောင်းသိရသည်။
သရက်မြို့နယ်မုဉ္ဇလီကျေးရွာတွင် မိုးစပါး(အောင်နိုင်တိုး)စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်
Oct 22,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုးပင်အုပ်စု မုဉ္ဇလီကျေးရွာ၌ ကွင်းအမှတ်(၅၂) ဦးပိုင်(၂၅၃) တောင်သူဦးလှသိန်း၏လယ်မြေ (၁.၀၀)ဧက၌ မိုးစပါး(အောင်နိုင်တိုး) စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကျင်းပ ကျောင်းသား၊ကျောင်းသူများက Project ပေါင်း(၄၇)ခု ပါဝင်ယှဉ်ပြိုင်ပြသ
Oct 22,2025
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်း သား၊ကျောင်းသူများ၏ နည်းပညာတတ်မြောက်ကျွမ်းကျင်မှုကိုပြသရန်၊ ပရောဂျက် အခြေပြု သင်ယူမှုကိုမြှင့်တင်ရန်၊ Project တည်ဆောက်နိုင်သည့်စွမ်းရည်မြင့်မားစေရန်၊ ပူးပေါင်း ဆောင်ရွက်တက်မှု၊ ခေါင်းဆောင်မှုစွမ်းရည်တိုးတက် စေရန်နှင့် နည်းပညာပြိုင်ဆိုင်မှုရှိ သောနယ်ပယ်တွင်ယှဉ်ပြိုင်နိုင်စေရန်အတွက် Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက Project ပေါင်း (၄၇)ခုဖြင့် ပါဝင်ယှဉ်ပြိုင်ပြသခဲ့ကြသည်။