သတင်းများ

ကန့်ဘလူမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များ စုပေါင်းကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
Oct 26,2025
စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့၌  တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၌ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပ
Oct 26,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်တော်ကို အောက်တိုဘာ (၂၃)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ မြို့လုံးကျွတ်အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Oct 26,2025
ရှမ်းပြည်နယ်​(မြောက်ပိုင်း)နောင်ချိုမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့လုံးကျွတ်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၁)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြ၌ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
Oct 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ရှိ အထင်ကရနေရာများ၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နှစ်စဥ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း စကြာသီဟ၊ စကြာနန္ဒစေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်
Oct 26,2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးစပါးအပါဝင် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိ‌‌ရေး တောင်သူနည်းပညာ​ပေးနှင့်သဘာဝမြေဆွေးပုံပြုလုပ်ခြင်းသင်တန်းကို အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းက ရေအေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သောဖူးစားပြောင်း ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ နှုန်း ထွက်ရှိ
Oct 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ ဖူးနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ကြီးမြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ်(၁၁/၂၀၂၅)ဖွင့်ပွဲကျင်းပ
Oct 26,2025
ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၁၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က  တောင်ကြီးမြို့၊ UCT Hotel ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။