တပ်ကုန်း အောက်တိုဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးစပါးအပါဝင် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးနှင့်သဘာဝမြေဆွေးပုံပြုလုပ်ခြင်းသင်တန်းကို အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းက ရေအေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးအေးမင်းထွန်းက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးနှံထွက်ကုန်များပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးများသုံးစွဲရေးနှင့် စိုက်ပျိုးရေများ အလေအလွင့်မရှိအကျိုးရှိစွာသုံးစွဲရေး ပညာပေးဆွေးနွေးပြီး တက်ရောက်လာသည့်တောင်သူများက သိရှိလိုသည့် မေးမြန်းကြရာ ဦးစီးအရာရှိနှင့်းဝန်ထမ်းများက ပြန်လည်ဖြေကြားသည်။
ထို့နောက် စိုက်ပျိုးရေးတောင်သူများ သဘာဝမြေသြဇာများကိုယ်တိုင်ပြု အသုံးချတတ်စေရေးအတွက် ဦးစီးအရာရှိနှင့် စိုက်ပျိုးရေးပညာပေးဝန်ထမ်းများက သဘာဝမြေသြဇာပြုလုပ်ခြင်းနည်းပညာရပ်ဖြင့် လက်တွေ့မြေဆွေးပုံပြုလုပ်ခြင်းသင်ကြားပေးခဲ့ပြီး စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်