သတင်းများ

ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ကျင်းပမည်
Oct 26,2025
ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို နိုဝင်ဘာ၃ရက် ညနေ(၆)နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်မြောက်ဘက်ထောင့်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ 
မြောက်ဥက္ကလာပမြို့နယ်တွင် ဆွမ်းသိမ်းအောင်ပွဲနှင့် စာရေးတံမဲအလှူပွဲတော်ကျင်းပ
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ စံပြ(ဂ)ရပ်ကွက်၊ ဥက္ကာ ၂ လမ်း၊ ဝါတွင်းအင်္ဂါပတ် မြတ်ဒါနသာသနာ့ဗိမ္မာန်တွင် ဂေါပကအဖွဲ့မှကြီးမှူး၍ (၇)ရက်သားသမီးများ စုပေါင်း လှူဒါန်းသော ဆွမ်းသိမ်းအောင်ပွဲနှင့် စာရေးတံမဲအလှူပွဲတော်ကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ သာသနာ့ဗိမ္မာန်‌တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Oct 26,2025
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၂၅ နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာ ကံသာယာဓမ္မာရုံ၌ ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံပေးအပ်
Oct 26,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ အင်ဂျန်ဒုံ လော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီ တိမ်းရှောင် အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲကျင်းပ
Oct 26,2025
စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ပွဲကို အောက်တို ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖိတ်ကြာထား‌သော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြဝတီမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့် ဓိဌာန်အောင်စေတီတော်တို့တွင် ဆိုလာမီးနှင့် ဓမ္မာရုံအမိုး၊ ပြာဿဒ်တည်ဆောက်နိုင်ရန် အလှူငွေလှူဒါန်း
Oct 26,2025
ကရင်ပြည်နယ် မြဝတီမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်ကြီးတွင် လျှပ်စစ်မီးရရှိစေရန်နှင့် ဓိဌာန်အောင်စေတီတော်ကြီးရှိ ဓမ္မာရုံအမိုး၊ ပြာဿဒ်ဘုံ(၅)ဆင့် တို့အား တည်ဆောက်မွမ်းမံရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၅ ရက် မွန်းတည့် ၁၂နာရီက ကျင်းပသည်။
ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Oct 26,2025
ညောင်ဦးခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့်အတူ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး သော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုး၊ ညောင်ဦးခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ် ဆေးရေးကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်မှစတင်ကာ ညောင်ဦးမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း
Oct 26,2025
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ မြို့နယ်ဥပဒေ အရာရှိများ၊ ဦးစီးအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။