မဟာအောင်မြေ အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်တော်ကို အောက်တိုဘာ (၂၃)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများစုပေါင်း၍ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်ကို ညောင်ကိုးပင်ကျောင်းတိုက်ဆရာတော်ကြီးထံ နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ဩဝါဒခံယူကာ ရပ်ကွက်နေ ပြည်သူများဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပ၍ နဝကမ္မအလှူတော်ငွေနှင့် ပစ္စည်းတန်ဖိုး ၃၅,၃၂၄,၅၀ဝိ/- ကျပ်အား ညောင်ကိုးပင်ကျောင်းတိုက်ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ထံရေစက်ချလှူဒါန်းခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း