သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Oct 30,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဥတ္တရခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားဖူးရင်းပွဲဈေးလည်ပတ်ကြသူများ အထူးစည်ကား
Oct 30,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ရက်က စတင်ကျင်းပလျက်ရှိရာ စေတီတော်ရင်ပြင်နှင့် ပွဲဈေးတန်းများတစ်လျှောက်တွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရင်းပွဲဈေးလာ‌ရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး တက်ရောက်ဆုချီးမြှင့်
Oct 30,2025
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ တက်ရောက်
Oct 30,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
Oct 30,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့၊ နံနက် ၉ နာရီအချိန်က အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေး အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Oct 30,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ယနေ့နံနက် ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက နှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Oct 30,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်စေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံးဆောင်းသီးနှံစုံဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့ထိသီးနှံစုံဧက နှစ်သောင်းခွဲကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Oct 30,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂျိုရွာကျေးရွာ၊ ဂျိုရွာ စိုက်/​ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦး​ဇော်မျိုးထွန်း၏ ကွင်းအမှတ် (၅၇၀/ခ) ​ပေါက်အင်းကွင်းရှိ မိုးစပါးစိုက်ပျိုးဧက (၁၁)ဧက ကို မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိ​ရေးအတွက် စတင်ပျိုးထောင်ချိန်မှစပြီး ရိတ်သိမ်းပြီးချိန်အထိ အဆင့်ဆင့် လုပ်ကိုင်​ဆောင်ရွက်ထားသည့် ​မြေပြင်အ​ခြေအ​နေမှန်နှင့် ဆက်လက်လုပ်ကိုင်​ဆောင်ရွက်ရမည့်အချက်များကို အမရပူရမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။