စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ၂၀၂၁-ခုနှစ်၊ စစ်ကိုင်း တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက် (၂၅) နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်

မုံရွာ ဇွန် ၂၄

၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)အချိန်က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က အဖွင့်အမှာ စကား ပြောကြားရာတွင် ” နိုင်ငံတော်အနေဖြင့် အားကစား မြင့်တင်ခြင်းသည် “ နိုင်ငံ၏ဂုဏ်ကို မြင့်တင် တည်ဆောက်ခြင်းဖြစ်ပါကြောင်း အားကစားအောင်နိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာကို တိုးတက် မြင့်မားစေသည်” ဟူသော ခံယူချက်ဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက် မြင့်မားစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အထူး အားပေးချီးမြောက် လျက်ရှိတာကို အားလုံးအသိဘဲ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေးကို ပထမ ဦးစားပေးအဖြစ် အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိမြန်မာ့ လက်ရွေးစင် ဖူဆယ်အမျိုးသား/အမျိုးသမီး အသင်းအားအင်အားဖြည့်နိုင်ရန် အလားအလာရှိသော သွေးသစ်လူငယ် အမျိုးသား/အမျိုးသမီး ဖူဆယ်အားကစားသမားများ ပေါ်ထွက်ရရှိရေးအတွက် မြန်မာ နိုင်ငံတစ်ဝှမ်း ဒေသအနှံအပြားမှ လူငယ်အမျိုးသား/အမျိုးသမီး သွေးသစ်ဖူဆယ် အားကစားသမားများ မွေးထုတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအဖြစ် သက်မှတ်ဆောင်ရွက်လျှက်ရှိပါကြောင်း ” ထည့်သွင်း ပြောကြားပြီး ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီး တိုင်ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲြ႕ဝင်များက ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်အားပေးပြီး ပြိုင်ပွဲဝင် အသင်းများမှ စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင် များက အဖွင့်ပွဲစဉ်အဖြစ် ယင်းမာပင်ခရိုင် အမျိုးသား ဘောလုံးအသင်းနှင့် ခန္တီးခရိုင် အမျိုးသားဘောလုံး အသင်းတို့ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၁၀)ခရိုင်မှ အားကစားသမား (၁၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အမျိုးသား /အမျိုးသမီး အုပ်စု(၄)အုပ်စုစီခွဲကာ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ တွင် ဇွန်လ (၂၄)ရက်နေ့မှ ဇွန်လ(၂၉)ရက်အထိ ယှဉ်ပြိုင် သွားကြမည်ဖြစ်ရာ လက်ရွေးစင် အားကစားသမားများ ရွေးချယ်ထား၍ ဘောလုံးအသင်းအား နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)