သတင်းများ

လမိုင်းမြို့ အခြေခံပညာကျောင်းများတွင်အသက်(၁၂)နှစ်အထက်ကျန်ရှိနေသော ကျောင်းသား/သူများ အားကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်
Dec 17,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့အတွင်း အခြေခံပညာကျောင်းရှိ အသက်(၁၂)နှစ် အထက်ကျန်ရှိ နေသော ကျောင်းသား/သူများအား ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက် ၁၀နာရီ အချိန်ကကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မင်းဘူးခရိုင် ကိုဗစ်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၁) ကျင်းပ
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တက္ကသိုလ်ရိပ်သာလမ်း လမ်းသားချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းကြည့်ရှုစစ်ဆေး
Dec 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဆောင်ရွက်နေသော လမ်းသားချဲ့ခြင်းနှင့်ကတ္တရာထပ်ပိုးလွှာခြင်းလုပ်ငန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့က ယနေ့ မွန်းလွဲ ၁နာရီခွဲအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Dec 16,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့ ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပနိုင်ရေး ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး
Dec 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့တွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပရေးအတွက် ယမန်နေ့ ညနေ ၄ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် ပျဉ်းမနားမြို့နယ်အတွင်း နွေစပါး(၁၅၄၇)ဧက လျာထားစိုက်ပျိုး သွားမည်
Dec 16,2021
ပျဉ်းမနားမြို့နယ်အတွင်း ပေါင်းလောင်းဆည်ရေသောက် ဧရိယာနှင့် ငလိုက်ဆည် ရေသောက်ဧရိယာ (၂)ခု၏ ရေပေးဝေမှုအပေါ်မူတည်၍ ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါး(၁၅၄၇)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား ဇီဝလုံခြုံမှုသင်တန်း ဖွင့်လှစ်သင်ကြားပေး
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ကြသူများအား ဇီဝလုံခြုံမှုသင်တန်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ကောင်းမွန်ကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်း
Dec 16,2021
စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်၊ ကောင်းမွန်ကျေးရွာအုပ်စု၊ တောင်သူဦးကျော်စိုး၏ မိုးစပါးစိုက်ကွင်း၌ ကျင်းပသည်။