သတင်းများ

မိတ္ထီလာမြို့နယ်၌  ပန်းခင်းစီမံချက်အကြောင်း သိရှိစေရန် လူစည်ကားရာနေရာများတွင်  LED  Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနမှ  ပန်းခင်းစီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယမန်နေ့ ညနေ ၃ နာရီ အချိန်က လူစည်ကားရာနေရာများတွင် LED Board မော်တော်ယာဉ်ဖြင့် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံ
Dec 17,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ်အထက်ရှိပြည်သူများကို ယနေ့ နံနက် ၁၁ နာရီက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး လျက်ရှိသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 17,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။
ပင်လုံမြို့ မြို့မဈေးအတွင်း/အပြင်၌ ဈေးရောင်းချသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများ လိုက်နာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့မြို့မဈေးတွင် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် အဖွဲ့များ၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် တာဝန်ရှိသူများက ပင်လုံမြို့ဈေးအတွင်း၊အပြင်တွင် ဈေးရောင်းချသူများ၊ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးစည်းကမ်းများနှင့်အညီ ရောင်းချဝယ်ခြင်း ရှိ/မရှိကို ၁၆-၁၂-၂၀၂၁ရက်နေ့ နံနက်(၀၇:၃၀) နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Dec 17,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌  (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို     အလယ်တန်းအဆင့်ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm ) ပထမအကြိမ်ထိုးနှံခြင်း မရှိသေးသည့်ပြည်သူများအား ထိုးနှံပေးလျက်ရှိ
Dec 17,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှင့်အထက် ပြည်သူ များအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ထိုးနှံ‌ပေးလျက်ရှိရာ လာရောက်ထိုးနှံသူ (၂၆၀) ဦးရှိကြောင်း သိရသည်။