သတင်းများ

ပွင့်ဖြူမြို့နယ် မဒဲအုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး
Dec 17,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဒဲအုပ်စု ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူ များနှင့်ကျောင်း သားကျောင်းသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြု လုပ်ပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံတူဆွဲပြိုင်ပွဲ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်
Dec 17,2021
ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံတူဆွဲပြိုင်ပွဲကို  ယမန်နေ့နေ့လည် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဘောဂလိမြို့၌ ဆောင်းသီးနှံများ စိုက်ပျိုးလျက်ရှိ
Dec 17,2021
၂၀၂၀-၂၀၂၁ခုနှစ် သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာ၊ ဖြတ်လမ်းကူး ကျေးရွာတို့တွင် မိုးသီးနှံများ စိုက်ပျိုးပြီး လယ်ယာမြေများတွင် သီးထပ်အဖြစ် ဆောင်းသီးနှံများ စိုက်ပျိုးလျက် ရှိပါသည်။
နိဗ္ဗာန်ကျွန်းကျေးရွာနှင့် ပဒေသာကျွန်းကျေးရွာမှ ဒေသခံပြည်သူများအတွက် စက်ရေတွင်း(၂)တွင်းနှင့် အုတ်ရေလှောင်ကန်(၂)ကန် တည်ဆောက်လှူဒါန်း
Dec 17,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ နှင့် ပဒေသာကျွန်းကျေးရွာတို့မှ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် စက်ရေတွင်း (၂)တွင်းနှင့် အုတ်ရေလှောင်ကန် (၂)ကန်ကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ပြောသည်။
နမ္မတူမြို့နယ်တွင် စာဖြတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်/စာစောင်များအား စာပေဝါသနာပါသူများ လက်ဝယ်အရောက် ဌားရမ်းပေးခြင်းဆောင်ရွက်
Dec 17,2021
နမ္မတူမြို့နယ်တွင် စာဖြတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်/စာစောင်များအား စာပေဝါသနာပါသူများ လက်ဝယ်အရောက် အခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်
Dec 17,2021
ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် အသိပညာပေးပြသဆောင်ရွက်
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကျောင်းနေ အရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြ ဘုတ်တွင်အသိပညာပေးနံရံကပ်စာဆောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်
Dec 17,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံ စားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၁၆)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။