ပုသိမ်ကြီး ဒီဇင်ဘာ ၁၆
စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်၊ ကောင်းမွန်ကျေးရွာအုပ်စု၊ တောင်သူဦးကျော်စိုး၏ မိုးစပါးစိုက်ကွင်း၌ ကျင်းပသည်။
မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် ကွင်းအမှတ်(၄၆၃)(ခ)ရှိ တောင်သူ ဦးကျော်စိုး၏ စိုက်ခင်း၌ (၁.၀၀)ဧက စံကွက်ရိတ်သိမ်းရာ ပျှမ်းမျှ(၁၂၀.၆၃) တင်းနှုန်းထွက်ရှိသည်။
စံကွက်ရိတ်သိမ်းရာသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း၊ ဒုတိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)