ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်က မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ရှေးဦးစွာ Foam ဆေးရည်ဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရေကိုအသုံးပြု၍ မီးငြိမ်းသတ်ခြင်းတို့ကို မြို့နယ်မီးသတ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။