ဖားဆောင်း ဒီဇင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်ကမော်ချီးတောင်ပေါ်ကျေးရွာရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လူဝန်မှု ကြီးကြပ်ရေးမှူး ဦးဝင်းအောင်က အသက်(၁၆)နှစ်နှင့် အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဥပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ယခုလို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချော မွေ့စွာ လုပ်ကိုင်နိုင်ရန်၊ ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင် ၃ (က)၂၅ ဦး၊ နိုင် ၆ (က) ၉ ဦး၊ လဲလှယ်(၆၄)ဦး၊ မိတ္တူ(၁၁)ဦး၊ အိမ်ထောင်စုခွဲ(၅)စု၊ အိမ်ထောင်စုမိတ္တူ(၁၅)စု၊ မွေးတိုး(၉)စု၊ သေဆုံး(၅)စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး “ပန်းခင်းစီမံချက်” အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ဆက်လက်၍ စီမံချက်နှင့် အညီ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)