မက်မန်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမက်မန်းမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက် အကူပြုပစ္စည်းများဖြစ်သည့် Mask 10000 ခု Surgical Crown 15 ခု PPE ဝတ်စုံ 100 ခု Face Shield 200 ခု Oxygen Contrator 6 ခု Rubbing Alcohol 60 ခု Oxygen အိုး ၆ ခု Oxygen inhalator 3 ဖာတို့ကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပေးအပ်ခဲ့ရာ မြိုနယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွေးရေးမှူး မြို့နယ်ဆရာဝန်ဒေါက်တာ အောင်ကိုဝင်းက လက်ခံရယူခဲ့ကြောင်းသိရသည်။
သန်းမြတ်စိုး(IPRD)