ပုလော ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ကျောက္ကာ ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လဝက ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦး က ပန်းခင်းစီမံချက်ဆိုင်ရာ အကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပြီး မြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် (၁၀) နှစ်ပြည့် နိုင် ၃(က) (၃)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၄၄)ဦး၊ လဲလှယ်(၃၃)ဦး၊ မိတ္တူ(၁၇)ဦး၊ စုစုပေါင်း (၉၇)ဦး အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)