ပြင်ဦးလွင် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ( ၆ ) ၊ ရပ်ကွက်ကြီး ( ၇ ) ၊ ရပ်ကွက်ကြီး ( ၁၉ ) နှင့် ရပ်ကွက်ကြီး ( ၂၀ ) တို့ရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသည့် အသက် ( ၁၈ )နှစ်နှင့်အထက် ပြည်သူမျာအား ကာကွယ်ဆေးထိုး စုရပ်များအဖြစ်သတ်မှတ်ပြီး အပူချိန် တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်းစသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ ကာကွယ်ဆေး ( ၁ ) လုံးလျှင် လူဦးရေ (၅) ဦးနှုန်းဖြင့် ဆက်လက်ထိုးနှံပေးလျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )