ကျောက်ဆည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းများနှင့် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်

ကျောက်ဆည်   ဒီဇင်ဘာ    ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွား စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီက “ဇော်” စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စစ်ဆေးခဲ့ပြီး ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းများက စက်သုံးဆီ အရောင်းဆိုင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားသည့် မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန် များနှင့် ဆီသိုလှောင်ကန်များအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား အရေးပေါ် အခြေအနေတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါက မီးငြိမ်းသတ်ခြင်း၊ သဲပုံး၊ ရေပုံးများ၊ မီးချတ်၊ မီးကတ်၊ မီးသတ်ဆေးဗူးများ  စနစ်တကျ သုံးစွဲရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် နည်းစနစ်မှန်ကန်စွာ သုံးစွဲတတ်စေရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ မီးဘေးအန္တရာယ်လုံခြုံရေးလုပ်ငန်းများ အပြင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများလည်း  ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)