သတင်းများ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယမန်နေ့တွင် ပြိုင်ပွဲများ ပြုလုပ်ကျင်းပကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ခရိုင်အဆင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်ခရိုင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ခရိုင်အဆင့် အားကစားပြိုင်ပွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့က ပြိုင်ပွဲများ ပြုလုပ်ကျင်းပကြောင်း သိရသည်။
ရေကြည်မြို့နယ် အသုတ်မြို့၌ စပါးခွံသိုလှောင်ရုံတစ်လုံးမီးလောင်မှုဖြစ်ပွား
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အသုတ်မြို့၊ ငှက်ပျောတောကွင်းကျေးရွာ၌ ယမန်နေ့ည (၉)နာရီခွဲ အချိန်ခန့် ပုသိမ်-မုံရွာ ကားလမ်းမ‌ဘေးရှိ အောင်သစ္စာဆန်စက်အတွင်းရှိ စပါးခွံထားသည့် ဂိုထောင်ရုံတစ်လုံး မီးလောင်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ် ချည်စက်ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်
Jan 02,2022
မိတ္ထီလာမြို့နယ် ချည်စက်ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ 
နမ့်စန်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲကျင်းပ
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အားကစားရုံနှင့် မြို့နယ်ကျောက်တိုင် အားကစားကွင်းတို့တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ရွှေစေတီကျောင်းတိုက် မေတ္တာဝေစည် ရွှေပါရမီစေတီ ထီးတော်အထွဋ်တင် လှူပူဇော်ပွဲ တက်ရောက်
Jan 01,2022
မော်လမြိုင်မြို့၊ ရွှေစေတီကျောင်းတိုက်၊ မေတ္တာဝေစည် ရွှေပါရမီစေတီ တော်မြတ်ကြီးအား ထီးတော်တင် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ မြစေတီစာသင်တိုက်မှ ဦးစီးပဓာနနာယကဆရာတော် ဥူးဝိမလဗုဒ္ဓိအပါအဝင် ပင့်ဖိတ်တော်မူသော ဆရာတော် ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီများနှင့် စေတနာရှင်၊ အလှူရှင် များ တက်ရောက်သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင် တက်/ဆင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 01,2022
ကရင်ပြည်နယ်၏ အထင်ကရဖြစ်သော ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင် စေရန်၊ ခြေလျင်တောင်တက်အားကစားကို လူအများ စိတ်ပါဝင်စားလာစေရန်နှင့် အဆိုပါ အားကစားနည်းအား လေ့လာလိုက်စား ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများ ပိုမိုကျန်းမာကြံ့ခိုင် လာစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်း ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီခန့်က ဇွဲကပင်အရှေ့ခြမ်း၊ သစ်ချကျေးရွာ၊ တံတားဖြူမှ စတင်တာလွှတ် ယှဉ်ပြိုင်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်၌ သံဃာတော်များအား နှစ်ဦးဆွမ်း ဆက်ကပ်လှူဒါန်း
Jan 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူးတွင် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းဝေးစေရန် သံဃာတော်များအား နှစ်ဦးဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။