သတင်းများ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကျင်းပ
Jan 02,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဘိမာန်တော်၌ စတင်ကျင်းပခဲ့သည်။
မင်းဘူးမြို့ အထင်ကရနေရာတစ်ခုဖြစ်သော နဂါးပွက်တောင်၌ ခရီးသွားပြည်သူများဖြင့် စည်ကားများပြား
Jan 02,2022
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အထင်ကရ နေရာတစ်ခုဖြစ်သော အမှတ် (၁) ရပ်ကွက်ရှိ နဂါးပွက်တောင်၌ ဘုးရားဖူးလာ ခရီးသွားပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း နဂါးပွက်တောင် ဘက်စုံသာယာလှပရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းထံမှ သိရသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကော့ကရိတ်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 02,2022
ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်  ကရင်ရိုးရာ​ကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက်၊ ချောင်း တောင်ရပ်၊ ဖီ့ဗီးယော်ကွင်း၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ် ပင်းတလဲကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပေး
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါင်းရွာကျေးရွာအုပ်စု၊ ပင်းတလဲကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် (၄)လက်မ PVC စက်ရေတွင်းတစ်တွင်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီဘက်ဂျက် ၆ လတာကာလအတွင်း တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၁၄၁၃၂၀ ဦး ထိုးပေးနိုင်ပြီဖြစ်
Jan 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၄၁၃၂၀ ဦးထိုးနှံပေးခဲ့ပြီ ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတစ်စင်း ဆောက်လုပ်ပေး
Jan 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှု လျော့နည်းစေရေးအတွက် ကျေးလက်လမ်းတံတားများ ပြုပြင်တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့်  ငါးမြွေကုန်း-ထုံးဘိုကျေးရွာချင်း ဆက်လမ်း ပေါ်၌ Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း က  ကျင်းပပြုလုပ်ခဲ့သည်။