ရေကြည်မြို့နယ် အသုတ်မြို့၌ စပါးခွံသိုလှောင်ရုံတစ်လုံးမီးလောင်မှုဖြစ်ပွား

ရေကြည်   ဇန်နဝါရီ  ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အသုတ်မြို့၊ ငှက်ပျောတောကွင်းကျေးရွာ၌ ယမန်နေ့ည (၉)နာရီခွဲ အချိန်ခန့်   ပုသိမ်-မုံရွာ ကားလမ်းမ‌ဘေးရှိ အောင်သစ္စာဆန်စက်အတွင်းရှိ စပါးခွံထားသည့် ဂိုထောင်ရုံတစ်လုံး မီးလောင်ခဲ့ကြောင်းသိရသည်။

မီးလောင်ရာသို့ အသုတ်မြို့ မီးသတ်တပ်ဖွဲ့နှင့် ရေကြည်မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ်(၃)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည(၁၀)နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသတင်းရရှိပါသည်။

မီးလောင်မှုကြောင့် ဂိုထောင်အတွင်းရှိ စပါးခွံအိတ်(၈၀)ခန့်၊ သွပ်အဟောင်း(၁၀)ချပ် ၊ လျောက်လမ်းပျဉ်ချပ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)