သတင်းများ

နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အကြောင်း Talk Show ဆွေးနွေးပွဲပြုလုပ်
Jan 02,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၃နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဌာနဆိုင်ရာအားကစား ပြိုင်ပွဲများကျင်းပ
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြို့အုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနဆိုင်ရာများပူး ပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဌာနဆိုင်ရာ အားကစားပြိုင်ပွဲ များကို ယနေ့နံနက် ၈ နာရီက ဘုတ်ဆုံမအခမဲ့ပညာဒါနကျောင်းဆောင် ဘောလီဘောကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိကျေးလက်လမ်းများတွင် မြေသားဘောင်ချဲ့၍မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ၆ လတွင် မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းများအား မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်းကို   မင်းလှမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်အုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်အုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်၊ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုး စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရာတေးဒိုပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
Jan 02,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ် လျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မနောမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကရာတေး ဒိုပြိုင်ပွဲကျင်းပနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။
မြို့သစ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
Jan 02,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့မပြည်သူ့ အားကစားကွင်း အတွင်း၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ  ပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် နှစ်သစ်ကူး နှစ်ဦးအလှူတော် ဆွမ်းဆန်စိမ်းနှင့် နဝကမ္မအလှူတော်ငွေများလှူဒါန်း
Jan 02,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကံဘဲ့သုခိတာရာမ သီလရှင်စာသင်တိုက်သို့ ၂၀၂၂ ခုနှစ် ယမန်နေ့ နံနက်ပိုင်းက နှစ်ဦးအလှူတော်အဖြစ် ဆွမ်းဆန် စိမ်းနှင့် နဝကမ္မအလှူတော်ငွေများအား လှူဒါန်းခဲ့ကြောင်း သိရသည်။