သတင်းများ

လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စုတွင် “ပန်းခင်း” စီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးထုတ်ပေးခြင်း ကွင်းဆင်း ဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို (၁၂-၁-၂၀၂၂)ရက်နေ့က လင်းခေးမြို့နယ်၊‌နောင်လုံကျေးရွာအုပ်စု၊ ကျေးရွာ(၉)ရွာရှိစုရပ် အသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြကြောင်းသိရသည်။
တနင်္သာရီမြို့နယ်၊တမုတ်ချုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖလားကျေးရွာပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က တမုတ်ချုန်းကျေးရွာ ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန အားကစားမှူး ဒေါ်ပပထွန်းနှင့်ပြိုင်ပွဲဝင်ဘောလုံးအသင်း(၆)သင်းတို့မှ အားကစား သမားများ၊ ကျေးရွာများမှ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
နမ္မတူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်ပို့ချ ဆောင်ရွက်
Jan 14,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်းသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့တိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆဌမအသုတ်(ဒုတိယ)အကြိမ် စတင် ထိုးနှံပေးလျက်ရှိ
Jan 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
ခေတ်အဆက်ဆက်ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းထားသော ငါ့သရောက်မြို့ကစက်စက် ယိုကျေးရွာ
Jan 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာလေးသည် ငါ့သရောက်မြို့တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး ညောင်ဦး-ပုပ္ပား ဗျတ္တ ပန်းဆက် လမ်းမကြီး၏ မြောက်ဘက် ဂျမ်းလှီးရွာမှသွား၍လည်းရကာ ခေတ်အဆက် ဆက်ထားရှိခဲ့သော မြန်မာ့ဆံကေသာ ပုံစံအမျိုးမျိုးကို ယနေ့အချိန်ထိထိန်းသိမ်းထားသည့် ကျေးရွာတစ်ရွာဖြစ် ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Jan 14,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ သဘာ၀ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် စခန်း၌ လေ့ကျင့်ဆောင်ရွက်သည်။
မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ စိန်ရတုဝိဇာတမွေးနေ့တွင် ထပ်လုံစေတီတော်အား ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်
Jan 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၏ သက်တော် ၇၅ နှစ် စိန်ရတုဝိဇာတမွေးနေ့မင်္ဂလာဖြစ်သော ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် ထပ်လုံစေတီတော်၌ ဆီမီး ၁၀၀၀ ပူဇော်ခဲ့ကြောင်း သိရသည်။