သတင်းများ

ကနီမြို့နယ်၌ ​မွေးကင်းစမှ တစ်နှစ်ခွဲထိက​လေးငယ်များအား လစဉ်ကာကွယ်​ဆေးတိုက်ခြင်း ​ဆေးထိုးခြင်းများ​ဆောင်ရွက်​ပေးလျက်ရှိ
Jan 03,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ​မွေးကင်းစမှ တစ်နှစ်ခွဲအထိ က​လေးငယ်များအား လစဉ်ကာကွယ်​ဆေးတိုက်ခြင်း၊ ​ဆေးထိုးခြင်းများကို လစဥ် လဆန်း ၁ ရက်​နေ့နှင့် ၂ ရက်​နေ့ များတွင်​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းသိရှိရသည်။
ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ တန်ဆောင်းပြာသာဒ် ၄ ခုအား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ တန်ဆောင်း ပြဿဒ် ၄ ခုအား ရေရှည်တည်တံ့ခိုင်မြဲစေရေး ရှေးမူမပျက် ထိန်းသိမ်းပြုပြင် မွမ်းမံဆောင်ရွက်လျက်ရှိသည်။
ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဖတ်မှတ်စွမ်း ရည်ပြိုင် ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားခြင့် မူလတန်းအဆင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2022
(၇၄)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း၊နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများခင်းကျင်းပြသ
Jan 03,2022
မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း၊ နံရံကပ်စာ‌စောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအား ဖိတ်ခေါ်ပြီး အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်၊ စာစောင် ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 03,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နေ့လည် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်
Jan 03,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင် တန်း(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။