သတင်းများ

မိုင်းလုံမြို့တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဒုတိယအကြိမ် ထိုးနှံပေး
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီက နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်
Jan 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၁း၀၀) နာရီအချိန်က ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့်အကြောင်းအရာများကို ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာ စောင် အားလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
တုံတာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Jan 03,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီက အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြပွဲပြိုင်ပွဲ အခမ်းအနားကျင်းပ
Jan 03,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြပွဲပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကထန်းတပင်မြို့ သီရိမင်္ဂလာ ခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Jan 03,2022
ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ် ထွက်လာစေရန် ရည်ရွယ်၍ ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပသည်။
ပန်း​တောင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့သည်။
ဟိုပင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဟိုပင်မြို့ ဦးစီးမှူးဒေါ်တိုးတိုးမေနှင့် ဝန်ထမ်းများက ဟိုပင် အ.ထ.က −၁ နှင့် အ.ထ.က မြသီတာကျောင်း တို့တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။