သတင်းများ

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 14,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင် နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ကျေးရွာအုပ်စု၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုး ကွဲသစ်အိုမီ ခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကြက်သွန်ခင်း (၁)ရပ်ကွက်နှင့် မီးလောင်ချောင်းနှင့် ညောင်ပင်ကြီးကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုး​မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းအား ဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ် -၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့​ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိ
Jan 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ဓါတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ယူရီးယားဓါတ်မြေဩဇာများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အိုမီခရွန်ရောဂါ အကြောင်းအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Jan 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အိုမီခရွန်ရောဂါအကြောင်းသိရှိစေရန်နှင့် ကြိုတင် ကာကွယ်ရန်ရည်ရွယ်၍ အိုမီခရွန်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြိူ့နယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ပြုလုပ်
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းရှိ အမျိုးသမီးငယ်သင်တန်းသူများအနေဖြင့်  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာများ သိရှိနိုင်စေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက် (၉)နာရီခွဲ အချိန်က အဆိုပါ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 14,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့၌ အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။