သတင်းများ

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုပြုလုပ်
Jan 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊  ပရဟိတ လူမှုကူညီရေးအသင်း စသည့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်မြန်မာ့သိုင်းပြိုင်ပွဲဆုပေးပွဲတက်ရောက်ချီးမြှင့်ပေး
Jan 14,2022
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး   မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲ၂နာရီက    မော်လမြိုင်မြို့ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:ဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့ဈေးရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေးခဲ့သည်။
ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ က အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီက မော်တော်ယာဉ်များ အသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် စပ်လျဉ်း၍ ဥပဒေများ သိရှိလိုက်နာနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ၊ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိကောင်းစရာများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန် အသိပညာပေးခြင်း ဆောင်ရွက်
Jan 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌နေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံ တိုက်နယ် ဆေးရုံ၌ ကရင်/မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ပြည်လမ်းတစ်​လျှေက် လမ်းသား​မြေပိုများအား ရှင်လင်းခြင်းဆောင်ရွက်
Jan 14,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာ​ရေး၊ မြို့ပြနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများစု​ပေါင်း၍ ပြည်လမ်းနှင့် တစ်​လျှောက်ရှိ လမ်းသား​မြေပိုများအား သန့်ရှင်းသာယာလှပ​စေ​ရေး အတွက် စု​ပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဆောင်ရွက်​ပေးလျက် ရှိပါသည်။