ကသာ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ ကသာမြို့ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။
ကသာမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ဩဂုတ်လ(၃)ရက်နေ့နှင့် (၄)ရက်နေ့များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်ထိုးနှံခဲ့သော ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက်ဘိုးဘွားများနှင့် အသက်(၁၈)နှစ်အထက်ရှိသည့် ပြည်သူများအား ယနေ့တွင် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကူညီ ဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးခဲ့သော ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ် ထက်ဘိုးဘွားများနှင့် အသက်(၁၈)နှစ်အထက်ရှိသည့် ပြည်သူပေါင်း (၃၀၀၀)ဦးတို့ကို့ စက်တင်ဘာလ(၄)ရက်နေ့နှင့် (၅)ရက်နေ့ များတွင် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း(၂)ချိန်ခွဲ၍ ထိုးနှံပေးကာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)