ဟိုပန် ဩဂုတ် ၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကိုစိုင်းခွန်ဖုန်း-မလေး (Forever)စားသောက်ဆိုင်နှင့် ကိုအောင်ရွှေဦး-မမီးမီး(ပစ်တိုင်းထောင်) ဆေးဆိုင်တို့က RDT Test Kit (၉၅)ခု ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ပြည့်ကိုကိုက လက်ခံရယူခဲ့သည်။
ဟိုပန်မြို့တွင် ဩဂုတ်လ ၂ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၈၈)ဦး၊ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ(၆၉)ဦး၊ ဆေးကုသလျက်ရှိသူ(၁၈)ဦး၊ သေဆုံးသူ(၁)ဦးရှိခဲ့ ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။