မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မိုးညှင်း   ဩဂုတ်   ၁၅

 

ကချင်ပြည်နယ် ၊မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့ နံနက်(၈)နာရီခန့်က မြို့ပတ်လမ်းအနီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ လေ့ကျင့်မှုများဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန့်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မိုးညှင်းမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် များဖြစ်ပေါ်လာပါက ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အလျင်အမြန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ရည်ရွယ်ပြီး မြေပြိုဘေးအန္တရာယ်ရှာ ဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မိုးညှင်းခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် အသင့်ရှိကြောင်း နှင့် မိုးညှင်းမြို့နယ်အတွင်း ဆက်သွယ်နိုင်ရန်ဖုန်းနံပတ်များမှာ ခရိုင်မီးသတ်ဦးစီးမှူးရုံး 074 2560837၊  မြို့နယ်မီးသတ်စခန်း 074 2560210 နှင့် အရေးပေါ်ဆက်သွယ်နိုင်ရန်အတွက် (191)စသည်တို့ကို အချိန်မရွေးဆယ်သွယ်အကြောင်းကြားနိုင်ပါကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှ သိရသည်။

 

ဇွဲသူရအောင်