သုံးခွ ဩဂုတ် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားသောက်ရေးများ အဆင်ပြေစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့၀င်များနှင့် စေတနာရှင်များစုပေါင်းလှူဒါန်းသော စားသောက်ကုန် ပစ္စည်း(၇)မျိုးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အိမ်တိုင် ရာရောက် လိုက်လံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
စားသောက်ကုန်များ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့၀င်များက သုံးခွမြို့နယ် အောင်မင်္ဂလာအပိုင်းရှိ အရံမီးသတ်တပ်ဖွဲ့၀င်များနှင့် အမှတ် (၃)ရပ်ကွက်၊ အမှတ်( ၉)ရပ်ကွက်၊ နန်းခလဲကျေးရွာရှိ အခြေခံလူတန်းစားအိမ်ထောင်စုတို့အား စားသောက်ကုန် ပစ္စည်း (၇)မျိုးတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြရာ အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ပဲ၊ ကြက်ဥ၊ ကြက်သွန်နီ၊ အာလူး၊ ပြောင်းဖူးနှင့် ပါတာ စီတမော့ဆေးကဒ်တို့အား အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်