ကွမ်းခြံကုန်းမြို့နယ်တွင် ဧရာမင်း မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပ
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဧရာမင်းမိုးစပါးစံကွက် ရိတ်သိမ်းခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကံကြီး/မကျီးရပ်ကွက် ကွင်းအမှတ် ၃၇၂၊ ကုန်းပြတ်ကွင်းဦးပိုင် အမှတ် (၁၀/၁)တောင်သူ ဒေါ်နွဲ့နွဲ့၏ စပါးစိုက်ခင်းတွင် ကျင်းပခဲ့သည်။