သတင်းများ

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို အလွယ်တစ်ကူ သိရှိလေ့လာ လိုက်ပါဆောင်ရွက် နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အကအစီအစဉ်များကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြက်ခြေနီအသင်း (အင်းစိန်)က ပြည်သူများအား နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိ
Dec 02,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက် ဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးများကို ကာကွယ်ပေးထားသည့် ဥပဒေများအားအသိပညာပေး Talk Show ကျင်းပ
Dec 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက အမျိုးသမီးများကို ကာကွယ်ပေးထားသည့် ဥပဒေများအား အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Dec 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၁၀ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရပ်ကွက်များနှင့် လူနေ ထူထပ်သည့် လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဟမ်းစပီကာ၊ ဆောင်းဘောက်တို့ဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အမှတ်(၆၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိ ပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းကို ရှစ်မျက်နှာဘုရားရှေ့၊ ဇွဲအားမန်ကားဂိတ်နှင့် သုံးခွမြို့ပြင်တို့တွင် ယမန်‌နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင်‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကျေးရွာ(၁၁)ရွာအား ရံပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Dec 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၁-၂၁၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာသို့ ရံပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
သာယာဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Dec 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှု ဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဇီးပွဲကျေးရွာနှင့် ဒေါဝိ ကျေးရွာများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။