သတင်းများ

သုံးခွမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ စိုက်ပျိုးနည်းစနစ်နှင့် မျိုးစေ့ထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး ဆင့်ပွား သင်တန်းဖွင်လှစ်
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သော ချည်မျှင်ရှည်ဝါစိုက်ပျိုးနည်းစနစ် နှင့် မျိုးစေ့ထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ်ကြောင်းသိရသည်။
မန်ကန်မြို့၌ အသက်(၁၈)နှစ်နှင့် အထက် ဒေသခံပြည်သူများအား ကိုဗစ် -၁၉ ကာကွယ် ဆေး (Sinopharm) ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး 
Dec 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့် အထက် ဒေသခံ ပြည်သူများအား မန်ကန်မြို့ အခြေခံပညာအလယ်တန်းခွဲကျောင်း-ငှက်ကာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။ 
ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Dec 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ထိန်းချုပ် ကာကွယ် နိုင်ရန်အတွက် ယနေ့မွန်းလွဲ(၁) နာရီအချိန်က ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွမ်းလုံမြို့ပေါ်(၆)ရပ်ကွက်သို့ အသံချဲစက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်
Dec 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘာသာရေးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့  Pilot Project အစီအစဉ်ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက သီပေါမြို့  ရွှေကျောင်းဘုန်းကြီးကျောင်းတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
နံနံပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မှာတော့ စိုက်ပျိုးတောင်သူများ အဆင်ပြေ
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သဲချောင်းကျေးရွာတွင် နံနံပင်ကို စီးပွားဖြစ် စိုက်ပျိုး လျက်ရှိရာ ယခုနှစ်မှာတော့ စိုက်ပျိုး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည် ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင် ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက ဆေးရောင်လှလှခြယ်ကြမယ် အစီအစဉ်ကို ရိုက်ကူးထုတ် လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။