သတင်းများ

မင်းလှမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြော
Nov 25,2021
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းကောင်းများ အသိပညာပေး နှိုးဆော်
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်(၁၁)နာရီ အချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်
Nov 25,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် (၁၅.၉.၂၀၂၁)ရက်နေ့ အထိ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး အပ်ခြင်းကို နိုဝင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ/ရှမ်းဘာသာများဖြင့် အသိပေး လှည့်လည်နှိုးဆော်
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများတွင် လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်မြန်မာနှင့် စကောကရင် နှစ်ဘာသာ ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်
Nov 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊ စကော ကရင် ဘာသာတို့ဖြင့် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ နှင့်လမ်းဆုံနေရာများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက် ခဲ့သည်။
မုံးထမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့လယ်ပိုင်းက မုံးထမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စုရပ်ထားရှိပြီး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် စာစီစာကုံး ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို နိုင်ဝင်ဘာ ၂၄ ရက် နေ့လည် ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့မ​စျေး ၌ မီး​ဘေးလုံခြုံ​ရေးကြိုတင်ကာကွယ်​ရေးလက်​တွေ့မီးငြိမ်းသတ်သရုပ်ပြ
Nov 25,2021
မ​ကွေးတိုင်းဒေသကြီး၊မ​ကွေးခရိုင်​၊ ချောက်မြို့နယ် မြို့မဈေး၌မီးဘေးလုံခြုံ​ရေး ကြိုတင်ကာကွယ် ရေးအတွက် ယနေ့ နံနက်၁၀နာရီကမီးငြိမ်းသတ်ရေးလက်တွေ့ သရုပ်ပြမှုကိုအဆိုပါဈေး​​​ရှေ့တွင်ကျင်းပ သည်။