သတင်းများ

ညောင်ဦးမြို့နယ်တွင် မိုးနှမ်းများနှုတ်သိမ်းနေပြီဖြစ်ရာအထွက်နှုန်းကောင်းသောကြောင့် နှမ်းစိုက်ပျိုးတောင်သူများအဆင်ပြေ
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးကြိုကြဲနှမ်းစိုက်ပျိုးတောင်သူများနှုတ် သိမ်းနေပြီဖြစ်ရာ မိုးရွာသွန်မှုကောင်းပြီး အပင်အဖြစ်သန်ခြင်းကြောင့် နှမ်းစိုက်ပျိုးတောင်သူများနှမ်းများ လုံးပြည့်သီးကာ နှုတ်သိမ်းချိန် မိုးနှမ်းအထွက်နှုန်းကောင်းမွန်ကြောင်း တောင်ရှေ့ကျေးရွာ  မိုးနှမ်းစိုက်ပျိုးတောင်သူ ဦးစိုးဝင်းကပြောကြားသည်။
ကော့သောင်းမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ဆက်လက်ထိုးနှံပေး
Jul 06,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေပေးအပ်
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၁/၂၀၂၂ ခုနှစ် အသက်(၇၅)နှစ်နှင့်အထက်ရှိ စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 06,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမတွင် ယမန်နေ့က တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်းအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့မွန်းလွဲ(၃)နာရီကမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၉၁၂ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Jul 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၉၁၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ရွာငံ​​မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်းသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများဆောင်ရွက်ခြင်း၊
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့်တာဝန်ရှိသူများနမ့်ဆန်ဒေသအဆင့်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လာရောက်ကြည့်ရှု
Jul 06,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အတွင်းရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက် (၁၁) နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။