သတင်းများ

စမ်းချောင်းမြို့နယ်၊ ကျွန်းတောဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ ကျွန်းတောစျေးတွင် ယမန်နေ့ နံနက် (၁၀) နာရီက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေး
Jul 06,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၁၀ နာရီက အသက်(၁၈)နှစ် အထက်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့သည်။
အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်း( ၂/၂၀၂၂)တွံတေး၌ဖွင့်လှစ်
Jul 06,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်း အတတ်သင်သိပ္ပံ (တွံတေး) တွင်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းအမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ (၄၄၈) ဦးအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၂) အခြေခံပညာ အထက်ကျောင်းရှိ စံပယ်ခန်းမ၌ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ စာကြည့်တိုက်ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာကြည့်တိုက်ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီပြင်ဆင်ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အ‌နောက်ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်‌ ဟောပြောပွဲများကျင်းပ
Jul 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်‌ ဟောပြောပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ကာ အ-ထ-က(၈)နှင့် အ-ထ-က(၁၈) တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ တင်ပုလွဲ (အလက)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ဖြစ်လာစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က တင်ပုလွဲကျေးရွာ၊ တင်ပုလွဲ(အလက)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။