သတင်းများ

ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် Smart Village စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းရွာသစ်ကျေးရွာအား စံပြကျေးရွာ (Smart Village) အဖြစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခန့်က ဘော်နှင်းရွာသစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jul 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်အဆင့် လုပ်ငန်း ညှိုနှိုင်း အစည်းအဝေး တက်ရောက်
Jul 06,2022
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိုနှိုင်းပေါင်း စပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် လုပ်ငန်းညှိုနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို  ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး TALK SHOW ဆောင်ရွက်
Jul 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူလူထုအသိပညာပေးအစီအစဉ်များအား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွင့်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ Talk Show အားပြုလုပ်ခဲ့သည်။
အိမ်မဲမြို့မစျေးကြီး ပတ်လည်ရှိ ရေမြောင်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများ၊ Box Culvert များအတွင်း မိုးတွင်းအခါ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေးကြီး ပတ်လည်ရှိ ရေမြောင်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများ၊ Box Culvert များအတွင်း မိုးတွင်းအခါ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ
အလုံမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​​
Jul 06,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ ​ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ​​ကျောင်းသား၊ ​ကျောင်းသူ(၆၈)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ် ထိုးနှံ​ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ(၂၆၈)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးနှံ​ပေးပြီး စုစု​ပေါင်း ကျောင်းသား၊ ​ကျောင်းသူ(၃၃၆)ဦးအား  ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ​ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက ပေါက်တောအုပ်စု၊ ပေါက်တောကျေးရွာသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။