သတင်းများ

မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jul 06,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ဦးဆောင်၍ မြို့နယ်ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က ဦးစားပေး အစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင်​ ဒေသဖွံ့ဖြိုးတိုးတက်​ရေး ညှိနှိုင်း​ ဆွေး​နွေးပွဲ ကျင်းပ
Jul 06,2022
စစ်ကိုင်းတိုင်း​ဒေကြီး၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရေးဆွဲခြင်းနှင့် ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းဖွင့်လှစ်
Jul 06,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရေးဆွဲခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းကို ယမန့်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jul 06,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သရက်ပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက သရက်ပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Jul 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းတက္ကသိုလ်၌ ကောင်းမွန်သော ရေနေသတ္တဝါ ငါး/ပုစွန်မွေးမြူရေး သင်တန်းဖွင့်လှစ်
Jul 06,2022
ရေထွက်ကုန်ပစ္စည်းများ မွေးမြူထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ကျောင်းသားကျောင်းသူများ သင်ခန်းစာများသင်ယူရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ပူးပေါင်းကာ ကောင်းမွန်သော ရေနေသတ္တဝါ ငါး/ပုစွန်မွေးမြူရေး သင်တန်းကို ယမန်နေ့က ရေနံချောင်းတက္ကသိုလ် သတ္တဗေဒဌာန စာသင်ခန်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၀၀ စိုက်ပျိုး
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးမိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၀၀ကို စိုက်ပျိုး ထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။