သတင်းများ

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ " လူငယ်နှင့်အချိန်၏တန်ဖိုး " ခေါင်းစဉ်ဖြင့် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားထားသည့်  "လူငယ်နှင့်အချိန်၏ တန်ဖိုး" ခေါင်းစဉ်ဖြင့်  Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။      
ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်(၇၅)နှစ်မြောက်၊ အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲပြုလုပ်
Jul 15,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းရှိ နဝရတ်ခန်းမနှင့် အထက်တန်းအဆောင်စာသင်ခန်းတွင် ကျင်းပပြုလုပ်သည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 15,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ ဇူလိုင်လအတွင်း ကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က လျာထားကျေးရွာများ အနက် အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အခြေခံပညာကျောင်းများအလိုက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jul 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ‌ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၁၉)၊ အမှတ်(၁၀)၊ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းများရှိ‌ ကျောင်းသား/သူများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်
Jul 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၈ နာရီက ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးလွင်နှင့် ကျိုက်ဒုံမြို့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ဦးစောပန်းစိန်တို့သည် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ပြည်သူများအား အသိပညာပေးခြင်းနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအ သိပညာပေး (Talk Show) ဆောင်ရွက်
Jul 15,2022
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ လူထုအခြေအပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းနှင့်အခြားသိမှတ်ဖွယ်ရာများကို အမှတ်ရစေရန် ရည်ရွယ်၍  (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ရေနံချောင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 15,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။