မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုအားကြည့်ရှု
Jul 15,2022
ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များသည် ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသည့် စကားနှင့်အညီ ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ်ကို ယမန်နေ့နံနက် ၈ နာရီက ဧရာဝတီမြစ်ကမ်း We Love Magway ညဈေးတန်း အနီး၌ ဆောင်ရွက်ခဲ့သည်။