သတင်းများ

ရမည်းသင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီဆွဲပြိုင်ပွဲကျင်းပ
Jul 15,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းဆင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ကျွဲ၊ နွားအရေပြား၊ အကျိတ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်သတ္တပါတ်လှုပ်ရှားမှုအဖြစ်  ကျွဲ၊ နွားအရေပြား၊ အကျိတ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၈)နာရီက ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများနှင့် ပြိုင်ပွဲများ သံဖြူဇရပ်၌ ကျင်းပပြုလုပ်
Jul 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၉း၃၀ အချိန်မှ စတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် (မူလွန်) အောင်မင်္ဂလာ(၂)ကျောင်းတို့တွင် ကျင်းပ ပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မဘိမ်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jul 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို  ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Cpmmunity Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ အစမ်းလေ့ကျင့်မှုများ ဆောင်ရွတ်
Jul 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့်ပြိုင်ပွဲဝင်ရန် ကန်ကြီးထောင့်မြို့ ဧရာသီရိသုခခန်းမတွင် ဇူလှိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲ ဝင်များအစမ်းလေ့ကျင့်မှု အခမ်းအနားကို ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
Jul 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ကျောင်း သားများအနေဖြင့့်် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း သိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊  စာကြည့်တိုက်သို့  လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုး ကျေးဇူးများသိစေရန် ပုံပြင်ပြောပြိုင်ပွဲနှင့်ခုံလုတန်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 15,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၁)စာစောင်မှ စာရေးဆရာ မယ်ထွေးလေးရေးသားသည့် “အနာဂတ်ပန်းများ ဝေဆာပွင့်လန်းတော့မည်” ခေါင်းစဉ်ဖြင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။