သတင်းများ

မောက်မယ်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 18,2022
၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်နှိုးဆော်အသိပေး
Jul 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ပင်လောင်းမြို့နယ်၌ ဒညင်းသီးပေါ်ချိန် မိသားစုဝင်ငွေရရှိ
Jul 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ဒညင်းသီးများရင့်ကြပြီး ခူးဆွတ်ရောင်းချကြရာ မိသားစုဝင်ငွေများ တစ်ပိုင်တစ်နိုင်ရရှိကြသည်။
လှည်းကူးမြို့နယ် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး  ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိမ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ကျုံတာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမ အ ကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကျင်းပ
Jul 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အထက-သရက်ချောင်း) ပညာရတနာခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကို ယမန်နေ့က  ကျင်းပခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅)နှစ်အောက် ကြက်တောင်ရိုက် ပြိုင်ပွဲ ကျင်းပ
Jul 18,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅) နှစ်အောက် ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ် ကွက်၊ ပဒုံမာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင်Good Agricultural Practices(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ်
Jul 18,2022
စိုက်ပျိုးရေးတောင်သူများအနေဖြင့် Good Agricultural Practices(GAP)စနှစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်၍ စျေးကွက်ဝင်ထုတ်ကုန်များဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လက်ဖက်စိုက်တောင်သူများအား
ကမမောင်းမြို့၌ ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
Jul 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။