ငပုတောမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)အကြား ကျောင်းသား၊ ကျောင်းသူ(၃၉၀၀၀)အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပြီးဖြစ်

ငပုတော ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ (၁၂)နှစ်အကြား ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဇွန်လ(၂၈) ရက်နေ့မှစ၍ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၃၈၂) ကျောင်းတို့တွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက သွားရောက် ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ (၁၈)ရက်နေ့တွင်  ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၉၀၀၀)ဦး ရှိကြောင်း သိရသည်။

ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မ (၁၂)အကြား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ  အလိုက်ကြီးကြပ်ကာ ရပ်ကွက်၊ ကျေးရွာအုပ်စုများက ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းစဉ်များကိုလည်း ဆေးထိုးစုရပ်များ အလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (ငပုတော၊ ပြန်/ဆက်)