သတင်းများ

ဖား​ဆောင်းမြို့နယ်၌ (၇၅) နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် ​ဟော​ပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲနှင့်​ ဆေး​ရောင်ခြင်ပြိုင်ပွဲ ကျင်းပ
Jul 18,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပညာ​ရေးဦးစီးဌာနနှင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ (၇၅)နှစ်​​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် ​ဟော​ပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲနှင့်​ ဆေး​ရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် တိုင်းရင်းသားရိုးရာပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လယ်(၁)နာရီက ကျင်းပခဲ့ရာ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆုရွေးချယ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။        
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jul 18,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်း ပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် စာအုပ်စာစောင်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို
မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်(၅)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Jul 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်(၅)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မင်းဘူးခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 18,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁၂ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အာဇာနည်နေ့အကြောင်း ဟောပြောပွဲကို မြတ်လေးဆောင်နှင့် ကံ့ကော်ဆောင်ခန်းမ တို့တွင် ပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်ဆောင်ရွက်
Jul 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၁၁.၇.၂၀၂၂ ရက်  နေ့ မှ ၁၇.၇.၂၀၂၂ ရက်နေ့အထိ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုအား