သတင်းများ

အမှတ်(၃၁)အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အမှတ်(၃၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက် ရှိသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက် (၉) နာရီအချိန်က ပြန်လည်နေရာချထားရေးရပ်ကွက်၊ ရေကြည်အိုင်၊ ဇေယျမင်္ဂလာဘုန်းတော်ကြီးစာသင်တိုက်၌ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ပတ္တမြားကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တမူးမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၉)နာရီက တမူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့၌  အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Jul 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၊ အထကခွဲကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို
တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကျွဲ၊ နွား အရေပြား၊ အကျိတ်ရောဂါအကြောင်း ရက်သတ္တပတ်လှုပ်ရှားမှုများကို ဇူလိုင်လ(၁၇)ရက် နံနက်(၉)နာရီအချိန်က တမိုက်သာကျေးရွာအုပ်စု၊ တမိုက်သာကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Jul 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်တွင် “တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု” အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု” အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သဘွတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ဒေသထွက် ဆုံကြိတ်နှမ်းဆီများ စားသုံးသူ အကြိုက်တွေ့ ဝယ်ယူကြသဖြင့် ရောင်းအား ကောင်းနေ
Jul 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဒေသထွက် ဆုံကြိတ်နှမ်းဆီများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဆုံဆီစစ်စစ် စားသုံးချင်သူများက အကြိုက်တွေ့ ဝယ်ယူအားပေးကြသဖြင့် ရောင်းအားကောင်းမွန်ပြီး နှမ်းဆီကြိတ် ရောင်းချသည့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။