သတင်းများ

ဆီဆိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ
Jul 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဆောင်ရွက်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေး တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ  အနောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ ပန်ချီး​ပြိုင်ပွဲ ကျင်းပ
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်  ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ ပန်ချီးပြိုင်ပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀  နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင် ့ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jul 18,2022
တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် Community Center ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်
Jul 18,2022
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို  ယနေ့ နံနက်ပိုင်းက ကျိုက်ထို မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက် ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်နှင့် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။