ဖားဆောင်း ဇူလိုင် ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို မူလတန်းပြဆရာ ဦးအောင်မျိုးသွင်က ဟောပြောပြီး အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲနှင့် မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းဆင့်အလယ်တန်းဆင့် စာစီစာကုံးကို “အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး၊ အထက်တန်းဆင့်၊ အလယ်တန်းဆင့် ကဗျာရေးပြိုင်ပွဲကို “ ၁၉ဇူလိုင်မမေ့နိုင် ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး၊ မူလတန်းဆင့် ဆေးရောက်ခြယ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး၊ စုစုပေါင်း (၅၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)