သတင်းများ

နောင်တရားဒေသထွက် သစ်တော်သီး အထွက်နှုန်းလျှော့နည်း
Jul 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဥယျာဉ်ခြံအဖြစ် စိုက်ပျိုးသည့် သစ်တော်သီးများ အထွက်နှုန်းလျှော့နည်းလာကြောင်း
အထက(ခွဲ) မောတောင်ကျောင်း၌ သံဃာတော်မြတ်များအား ဝါဆိုသင်္ဃန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း
Jul 20,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ အထက(ခွဲ)မောတောင်ကျောင်းမှ ကြီးမှူး၍ ယမန်နေ့ နံနက်၉နာရီခွဲ အချိန်က ဆရာတော်/သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ဃန်းနှင့် နေ့ဆွမ်းဆက်ကပ်
ကျိုက်ဒုံမြို့လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်
Jul 20,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ မြို့ရေပေးဝေနေသည့်အခြေအနေများကို ကွင်းဆင်းစစ်ဆေး
Jul 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက်များတွင် မြို့ရေပေး‌ဝေ‌‌နေသည့် အခြေအနေများကို ယမန်နေ့က မိုင်းတုံခရိုင် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်‌ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းတို့ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်လှစ်
Jul 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့်ပုံပြောပြိုင်ပွဲ (ပထမဆု)ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ
Jul 20,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှကြီးမှူးကျင်းပသည့် ပုံပြောပြိုင်ပွဲ(ပထမဆုရ)ရှိသည့် ကျောင်းသားအား ဂုဏ်ပြုဆုပေးအပ်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မုဒိတာစာဖတ်ဝိုင်း ကျင်းပ
Jul 20,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်း များရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comunity Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ (Book Club) နှင့်ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “ရေကြည်ချမ်းမြ” စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Jul 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။