မိုင်းတုံ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက်များတွင် မြို့ရေပေးဝေနေသည့် အခြေအနေများကို ယမန်နေ့က မိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းတို့ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက်များတွင် မြိုရေပေးဝေနေသည့် ရေပိုက်လိုင်းများ၊ ရေဖြန့်ဝေမှုစနစ်များ၊ ပွင့်လင်းရာသီတွင် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေမှုအခြေအနေ၊ တရုတ်အင်ဂျင်စက် (၃၂)ကောင် ရေတင်စနစ်ဖြင့် ရေပေးနိုင်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုပြီး၊ ကွင်းဆင်းကြည့်ရှုစဉ် မြို့ပေါ်များအတွင်း ရေပေးသည့်အခြေအနေများနှင့် မြို့တွင်းရေမြောင်းပိတ်ဆို့မှု အခြေအနေများအား မိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ (အမှုဆောင်အရာရှိ) ဦးဌေးဒမ်မှ လုပ်ငန်းတစ်ခုခြင်းအလိုက် ရှင်းလင်းတင်ပြပြီး၊ တင်ပြချက်များအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)