ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၂
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ခေါင်းစဉ်ဖြင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပညာပေးခြင်း Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အသိပညာပေး Talk Show ဆွေးနွေးပွဲများပြုလုပ်ကျင်းပပြီး ပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ သိရှိနိုင်စေရေးအတွက် On Line မှတစ်ဆင့် ထုတ်လွှင့်ပေးနေမှု ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် Talk Show ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ မြို့နယ်ဦးစီးမှူးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကာ Book Club အဖွဲ့ဝင် ဆရာမဒေါ်နန်းညွန့်ညွန့်ဆွေက အမျိုးသမီးများအပေါ် ဖိနှိပ်ချုပ်ချယ်ဆက်ဆံ ခြင်းနှင့် အကာအကွယ်ပေးခြင်းဥပေဒေပြဋ္ဌာန်းချက်များ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအား အရေးယူဆောင်ရွက်နိုင်မှုဥပဒေ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့် တရားစွဲဆိုခြင်း ပြစ်မှုပြစ်ဒဏ်များနှင့် အမျိုးသမီးများ၏ တရားစွဲဆိုနိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာပေးခြင်း Talk Show ဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပပေးလျက်ရှိသည့် အဆိုပါဆွေးနွေးပွဲများအား On Line မှတစ်ဆင့် သိရှိလိုသည်များကို ကြည့်ရှုလေ့လာမှတ်သားနိုင်စေရန် We love Kyarin Seikkyi Facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်းသိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)